Wednesday, April 29, 2015

ဂျိမ်း​စ​ဘွန်း​က ဆို​နီ​ထပ် Samsung ကို ကြိုက်သော်​လည်း Soney Xperia Z4 ကို ကိုင်​ရ​မည့် အကြောင်း​အရင်း



jamesbond

ဂျိမ်း​စ​ဘွန်း ဇာတ်​ကား​အသစ်​အတွက် ရိုက်​ကူး​နေ​ပါ​ပြီ။ ဒီ​အတွက် ဂျိမ်း​စ​ဘွန်း လက်​ရှိ မင်းသား ဒန်​နီ​ယမ် ခရစ်​နဲ့ ဒါ​ရိုက်​တာ Sam တို့ နှစ်​ဦး​က ဖုန်း ကုမ္ဗ​ဏီ နှစ်​ခု​ရဲ့ ကမ်းလှမ်း​မှု​ကို ခံ​ခဲ့​ရ ပါ​တယ်။ ယင်း​ကတော့ Samsung နဲ့ Sony ဖြစ်​ပါ​တယ်။
သူတို့ အနု​ပညာ သမား အသိုင်းအဝိုင်း​အချင်းချင်း ထွက်​ရှိ​လာ​တဲ့ သ​တင်း​အရ​တော့ ဂျိမ်း​စ​ဘွန်း​ဟာ လက်​ရှိ ဈေး​ကွက်​မှာ အမြင့်​ဆုံး ဖြစ်​နေ​ပါ​တယ် ဆို​တဲ့ ဖုန်း​ကို​မှ ကိုင်​ချင်​ပါ​တယ်​တဲ့။ လောလောဆယ် Samsung ရဲ့ Galaxy S6 Edge ကို မျက်စိ​ကျ​တာ​လည်း ဖြစ်​နိုင်​ပါ​တယ်။ Samsung က​နေ​လည်း Offer ပြုလုပ်​ပါ​တယ်။ ဒါ​ပေ​မယ့် Samsung ထပ် ကြီး​တဲ့ Offer ကို Sony က ပေး​ပါ​တယ်။ Sony ရဲ့ နောက်ဆုံး​ထွက် Sony Xperia Z4 ကို ကိုင်​ပြီး​တော့ ရုပ်​ရှင်​ထဲ​မှာ သရုပ်ဆောင်​မယ် ဆို​ရင် အမေ​ရိ​ကန်ဒေါ်​လာ ၅ သန်း ရ​ရှိ​မှာ​မို့ ဖြစ်​ပါ​တယ်။
Sony Xeperia Z4 က မ​ကြာ​ခင် ထွက်​ရှိ​တော့​မယ့် အမြင့်​ဖုန်း တစ်​မျိုး​ပါ။ ဒါ​ပေ​မယ့် ဂျိမ်း​စ​ဘွန်း​က The best ဖြစ်​ပါ​တယ် ဆို​တဲ့ ဖုန်း​ပဲ ကိုင်​ချင်​တာ​ပါ​လို့ ပြော​တယ် ဆို​တော့ Z4 ကို The best မဟုတ်​သေး​ဘူး​လို့ ပြော​လိုက်​သ​လို ပါ​ပဲ။ ဒါ​ပေ​မယ့် Sony ကတော့ Z4 ကိုင်​ပြီး အက်​ရှင်​ဇာတ်​ကား​ထဲ သရုပ်ဆောင်​နေ​တဲ့ ဒန်​နီ​ယမ်​ကို လှ⁠လှ​ကြီး ထိုင်​ကြည့်​မှာ​ပါ။ အမေ​ရိ​ကန်ဒေါ်​လာ ငါး​သန်း​လည်း ပေး​ထား​တယ်​ဆို​တော့။
Land Rover ကား ကုမ္ဗ​ဏီ​တုန်း​က​လည်း စတိတ်​စင်​ကို ၃ မိ​နစ်​စာ ကား မောင်း​တက်​ပေး​တဲ့ ပြ​ကွက် တစ်​ကွက်​တည်း​နဲ့​တင် ဒန်​နီ​ယမ်​ဟာ ကား​ပြ​ပွဲ တစ်​ခု​မှာ အမေ​ရိ​ကန်ဒေါ်​လာ ငါး​သန်း​မက ရ​ရှိ​သွား​ခဲ့​ပါ​သေး​တယ်။ အောင်မြင်​သူ​တွေ​များ ဘယ်​ပစ္စည်း​ဖြစ်​ဖြစ် အလကား​ရ​ရုံ​တင်​မက သုံး​ဖို့​ပါ ငွေ​ကြေး သန်း​ပေါင်း မြောက်​များ​စွာ ရ​နေ​တော့​တာ​ပါ​ပဲ။
ဂျိမ်းစဘွန်းဇာတ်ကား အသစ်​အတွက်​လည်း လူ​တိုင်း စောင့်မျော်​နေ​ကြ ပါ​တယ်။ ဒါ​နဲ့ စကားမ​စပ် ဘော​လိ​ဝုဒ် မင်းသား ရှ​ရွတ်​ခမ်း​ဟာ​လည်း Nokia က စ​ပွန်​ဆာ ပေး​ထား​တဲ့ မင်းသား တစ်​ယောက်​ပဲ ဖြစ်​ပါ​တယ်။ ငွေ​ကြေး ဘယ်လောက်​နဲ့​လဲ​တော့ မ​သိ​ပါ။
.
Ref: Pocket-lint
အောင်ခမ်း (MMAS)

0 comments:

Post a Comment

Copyright © 2012 Myanmar Muse Mobile All Right Reserved