Saturday, May 2, 2015

မိုဘိုင်းဖုန်း အသုံးပြု​သူ​တိုင်း သိ​ထား​ရ​မယ့် မိုဘိုင်းဖုန်း ရေ​ဒီ​ယို​လှိုင်း (ဖတ်​ဖြစ်​အောင်​ဖတ်​ပါ)


radiation
ပုံ​ကို ပြ​လို့ ကြောက်​မ​သွား​ပါ​နဲ့။ ပုံ​ကတော့ နည်း⁠နည်း​ပို​ပါ​တယ်။ ဒါ​ပေ​မယ့် SAR rating လွန်ကဲ​တဲ့ ပစ္စည်း​တွေ​နဲ့ နေ့စဉ်​ထိ​တွေ့ လုပ်ကိုင်​ရင်​တော့ ပုံ​မှာ ပြ​ထား​တာ​ထက်​လည်း ဆိုး​ကောင်း​ဆိုး​သွား ပါ​လိမ့်​မယ်။ ဒီ​တော့ SAR အကြောင်း​လေး မျှဝေ​ပါ​ရေ​စေ။
SAR ဆိုတာ ဘာ​လဲ
SAR ဆိုတာ Specific Absorption Rate ဖြစ်​ပါ​တယ်။ ဦးနှောက်​နဲ့ ခန္ဓာ​ကိုယ်​ရဲ့ တစ်​ရှုး (အသား​က) က လျှပ်စစ်​သံ​လိုက်​ဓာတ်​အား​ကို ဆွဲ​ငင်​ယူ​တဲ့ နှုန်း​ထား ဖြစ်​ပါ​တယ်။ သူ့​ရဲ့ တိုင်းတာ​မှု​က တစ်​ကီ​လို​ဂ​ရမ်​သော တစ်​ရှူး​ဟာ လျှပ်စစ်​သံ​လိုက်​ဓာတ်​အား (Electro Magnetic Wave) လှိုင်း Watt ပမာဏ ဘယ်လောက်​ထိ​ကို ဆွဲ​ယူ စား​သုံး​တယ်​ဆို​တာ​နဲ့ ဖြစ်​ပါ​တယ်။ ဒီ​တော့ အင်္ဂလိပ်​လို ရေး​မယ်​ဆို​ရင် Watt/Kilogram ပါ။
ကမ္ဘာ့ မိုဘိုင်းဖုန်း ကျန်းမာ​ရေး​နဲ့ ကော်​မရှင် အဖွဲ့ အနေ​နဲ့ မိုဘိုင်းဖုန်း​တွေ​အတွက် အမြင့်​ဆုံး SAR ကို 1.6 လို့ သတ်​မှတ်ထား​ပါ​တယ်။ အဲ့​ဒီ​ထက် SAR ပို​တဲ့ မိုဘိုင်းဖုန်း​များ မ​ထုတ်​ရ​လို့ တားမြစ်​ထား​တာ​ကြောင့် Officially register လုပ်​ပြီး ကမ္ဘာ အနှံ့​ဖြန့်​တဲ့ ဖုန်း​တွေ​ဆို​ရင်​တော့ စိတ်ချ​စွာ အသုံးပြု​နိုင် ပါ​တယ်။
SAR ဆိုးကျိုး
SAR များရင် ဘာ​ဖြစ်​မ​လဲ​လို့ မေး​ကောင်း​မေး​ချင်​ပါ​လိမ့်​မယ်။ ဟုတ်ကဲ့။ SAR တန်ဖိုး ထောင်​ဂဏန်း၊ သောင်း​ဂဏန်း​တို့​ကို ဓာတ်​မှန်​ရိုက်​တဲ့ ဓာတ်ခွဲ​ခန်း​တွေ၊ ရေ​ဒိ​ယို သတ္တိ​ကြွ ဗုံး​နဲ့ လက်နက် ထုတ်​တဲ့ နေရာ​တွေ​မှာ တွေ့​မြင်​နိုင်​မှာ ဖြစ်​ပါ​တယ်။ ဒီ​တော့ နေ့​တိုင်း ဖုန်း​သုံး​နေ​ခြင်း​ဟာ မိမိ​ရဲ့ ဦးနှောက် နဲ့ ခန္ဓာ​ကိုယ် တစ်​ရှူး​စ​များ​ကို Electromagnetic wave စား​သုံး​ခွင့်​ပေး​ထား​ခြင်း ဖြစ်​ပါ​တယ်။
SAR က ဘာ အကျိုး​ပြု​သလဲ
သူ့အနေနဲ့ ဖုန်း​အားနည်း​ရင် radiation ပို​များ​သလား​လို့ မေး​ကြ​ပါ​တယ်။ အဲ့​ဒါ​တော့ မ​သိ​ပါ။ ဒါ​ပေ​မယ့် ဖုန်း​နဲ့ ဖုန်း​လိုင်း ဆက်​သွယ်​ရာ တာ​ဝါ​တိုင်​နဲ့ ဝေး​လေ​လေ Radtion များ​လေ​လေ ဖြစ်​ပါ​တယ်။ SAR က ဘာ​ကို အကျိုး​ပြု​သလဲ ဆို​တော့ ဆက်​သွယ်​ရေး wave ကို ပို​လို့ သန်မာ​စေ​ဖို့ ဖြစ်​ပါ​တယ်။ တစ်​နည်း​အား​ဖြင့် ပြော​ရင် SAR မြင့်​တဲ့ ဖုန်း​တွေ​က နိမ့်​တဲ့​ဖုန်း​တွေ​ထက် များ​သော အား​ဖြင့် ဖုန်း​လိုင်း​ဆွဲ​အား ကောင်း​ပါ​လိမ့်​မယ်။ ဒါ​ကြောင့်​မို့ အရင်​က ကီး​ဘုတ်​ဖုန်း​တွေ၊ တရုတ်​ပြည်​လာ ကီး​ဘုတ်​နဲ့ အခြား​သော brand လူ​သိ​နည်း ဖုန်း​တွေ လိုင်း​ဆွဲ​အား ကောင်း​ခြင်း​ပါ။ ဒီ​တော့ SAR က 1 လို့ ဖုန်း​မှာ ပါ​ထား​ရင် သူ့​အနေ​နဲ့ base station နဲ့ အရမ်း​ဝေး​နေ​ရင် value 1 အထိ radiation လွတ်​ပြီး အဲ့​ဒီ​ထက်​လွတ်​ရင် လိုင်း​ပို​ဆွဲ​မှာ ဖြစ်​ပေ​မယ့် သူ့​အနေ​နဲ့ ကျန်းမာ​ရေး​ထိခိုက်​မှာ ဖြစ်​တာ​ကြောင့် လိုင်း ဆွဲ​ခွင့် မ​ပေး​တော့ ပါ​ဘူး။ ဒါ​ကြောင့်​မို့ No Service ဖြစ်​နေ​တာ​ကို ဖုန်း​ထုတ်​သူ​ကို​ပဲ​ဖြစ်​ဖြစ် ကျေးဇူးတင်​ကောင်း တင်​ရ​ပါ​လိမ့်​မယ်။
SAR ထိခိုက်မှု နည်း​အောင် ရှောင်​နည်း၊ သုံး​နည်း
SAR rate absorption ကို head နဲ့ body ဆို​ပြီး​တော့ နှစ်​မျိုး​ခွဲ​ထား​ပါ​တယ်။ အကြောင်း​ကတော့ ဖုန်း​ပြော​နေ​မှ မဟုတ်​ပဲ ဘော်​ဒီ အိတ်​ကပ်​တစ်​ခု⁠ခု​ထဲ ထည့်​ထား​တာ​မျိုး၊ အိပ်​ယာ​ဘေး​မှာ ထား​တာ​မျိုး​တို့​က​လည်း ထိခိုက်​လို့​ပါ။ iPhone ဆို​ရင် 5mm ခြား​ပြီး ဖုန်း​ပြော​စေ​ဖို့ အကြံပေး​ပါ​တယ်။ အကယ်၍ ထိခိုက်​မှု အသက်​သာ​ဆုံး ဖြစ်​ချင်​တယ်​ဆို​ရင် နား​ကြပ် တပ်​ပြော​ခြင်း သို့မဟုတ် စ​ပီ​ကာ ဖွင့်​ပြော​ခြင်း​တို့ လုပ်​ဖို့ အကြံပေး​ပါ​တယ်။ bluetooth နား​ကြပ်​နဲ့ ပြော​မယ်​ဆို​ရင်​လည်း ရ​ပါ​တယ်။ ဒါ​ပေ​မယ့် bluetooth နား​ကြပ်​ဝယ်​တဲ့​အခါ​လည်း SAR ဘယ်လောက်​ရှိ​တယ်​ဆို​တာ ဗူး​မှာ သေချာ စစ်​ကြည့်ပါ။ များ​သော​အား​ဖြင့်​ကတော့ သူ​က ဖုန်း​တွေ​ထက် နည်း​ပါ​တယ်။ ဒါ​နဲ့ SAR ဆို​တာ ဖုန်း​မှာ​ပဲ ထွက်​တာ မဟုတ်​ပါ​ဘူး။ လူ​တို့ နေ့စဉ်​သုံး​တဲ့ အီ​လက်​ထ​ရော​နစ် ပစ္စည်း​တိုင်း​က ထွက်​ပါ​တယ်။ သူ​တို့​က​လည်း ကျန်းမာ​ရေး ဆိုင်​ရာ authority အသိ​အမှတ်ပြု limit ကို မကျော်​ပါ​ဘူး။ မီးဖို၊ အဲ​ကွန်း၊ တီ​ဗီ အစ​ရှိ​သ​ဖြင့်​တို့​လည်း ပါဝင်​ပါ​တယ်။
SAR အနည်းအများ စစ်​နည်း
ဒီတော့ မ​စိုးရိမ်​ပါ​နဲ့..။ ဖုန်း​တွေ သုံး​မယ်​ဆို​ရင် Branded တွေ​ကို သုံး​ခြင်း​ဖြင့် SAR limit အောက်​မှာ ရှိန်ိုင်​ပါ​တယ်။ ဒါ​က အလွယ်​နည်း ပြော​လိုက်​တာ​ပါ။ SAR value ကို စစ်​တဲ့ နည်း​လမ်း ရှိ​ပါ​တယ်။ USSD Code သုံး​ရ​မှာ​ပါ။
*#07# ကို ရိုက်​ပြီး​တော့ ဖုန်းခေါ်​ပါ။ SAR value ကို ဖော်​ပြ ပါ​လိမ့်​မယ်။ iPhone ဆို​ရင် SAR Value အတွက် ဝဘ်​ဆိုဒ်​တစ်​ခု​ကို ညွန်း​ပါ​လိမ့်​မယ်။
ဥပမာအားဖြင့် –
iPhone 6:>> 1.59 W/kg
LG G3:>> 0.99 W/kg
LG G2:>> 1.44 W/kg
Samsung Galaxy Note 2:>> 0.42 W/kg
Samsung Galaxy Note 3:>> 1.07 W/kg
Samsung Galaxy Note 4:>> 1.20 W/kg
Samsung Galaxy S5:>> 1.28 W/kg
HTC One (M8):>> 1.29 W/kg
အသီး​သီး ရှိ​ပါ​တယ်။ မို​ဘိုင်း​ကျန်းမာ​ရေး အသိ​ရှိ​စေ​ဖို့ ရေးသား မျှဝေ​ပေးလိုက်​ရ ပါ​တယ်။
.
အောင်ခမ်း (MMAS)


0 comments:

Post a Comment

Copyright © 2012 Myanmar Muse Mobile All Right Reserved