Acer ကနေ ပြီးတော့ မကြာမီ ထွက်ရှိတော့မယ့် Gaming Tablet ပါ။ Predator လို့ အမည်ပေးထားပါတယ်။ ဒီဇိုင်းကတော့ အလန်းဇယား ပါပဲ။ ကင်မရာ အရှေ့အနောက် ပါရှိပြီး Gaming ဖြစ်တာကြောင့် အသံပိုင်းဆိုင်ရာ၊ resolution ပိုင်းတို့မှာ အသားပေးထား ပါတယ်။
အသေးစိတ် ပါဝင်တဲ့ Specification ကို တရားဝင် မကြေညာသေးပါဘူး။ ထွက်ရှိနေတဲ့ သတင်းများကတော့ Predator ဟာ ၈ လက်မ အရွယ် ရှိပြီး Quad Core Processor, RAM 2GB, Android OS, 16 GB သို့မဟတ်32 GB, MicrosoSD card slot အစရှိသဖြင့်တို့ ပါဝင်မှာ ဖြစ်ကြောင်း ဆိုပါတယ်။ ဒါဟာ သတင်းအတိအကျ မဟုတ်ပါ။ ယခု ဖော်ပြထားတဲ့ Specification ထက် မနည်းပဲ များနိုင်ဖို့ပဲ ရှိပါတယ်။ သူက ဗားရှင်း နှစ်မျိုး ထွက်မှာပါ။ ဈေးနှုန်းအားဖြင့်တော့ မြန်မာကျပ်ငွေ ၃ သိန်း အထပ် မှာ ရှိနိုင်တယ်လို့လည်း ခန့်မှန်းထားပါတယ်။
Acer အနေနဲ့ Gaming Desktop မှာ ရရှိတဲ့ အောင်မြင်မှုလိုပဲ Tablet မှာလည်း ရရှိဖို့အတွက် စတင် ကြိုးစားလာခြင်းပဲ ဖြစ်ပါတယ်။.
Ref: Pocketlint
အောင်ခမ်း (MMAS)
0 comments:
Post a Comment