Google ကနေပြီးတော့ Modular စမတ်ဖုန်း ပရောဂျက်လုပ်တယ်လို့ သတင်းထွက်နေတုန်း Fonkraft လို့ အမည်ရတဲ့ ကုမ္ဗဏီကတော့ Modular Phone တစ်မျိုးကို ထုတ်လိုက်ပါပြီ။ ယင်းကတော့ ပုံမှာ မြင်တွေ့နေရတဲ့ Fonkraft HiFi လို့ အမည်ရတဲ့ စမတ်ဖုန်း ဖြစ်ပါတယ်။
သူ့ရဲ့ Basic Price ကတော့ ၁၉၉ ဒေါ်လာ ဖြစ်တာကြောင့် မြန်မာကျပ်ငွေနဲ့ တွက်ရင် ၂ သိန်း ဝန်းကျင်ပါ။ Basic price လို့ပြောရတဲ့ အကြောင်းအရင်းက Specification အမြင့်ကို ပြောင်းတပ်ချင်ရင် ၂၉၉ ဒေါ်လာ (မြန်မာကျပ်ငွေ ၃ သိန်း) လောက် သွားကျမှာမို့ ဖြစ်ပါတယ်။ ဒါလည်း ဈေးသက်သာ ဖုန်း ဖြစ်နေဆဲ ပါပဲ။ Basic ဆိုတာတောင် အတာ်လေးကို ကောင်းနေပါပြီ။ အဓိကက ကင်မရာကို 8 Megapixel အစား 16 Megapixel ကိုင်ချင်သူများအတွက် ဒေါ်လာ ၁၀၀ လောက် ပိုသွားခြင်းပါ။
Storage 64GB ပါဝင်ပြီး CPU က 2.5GHz quad-core နဲ့ GPU ကလည်း Quad core ပါပဲ။ RAM 2GB ပါဝင်တဲ့ စမတ်ဖုန်း ဖြစ်ပါတယ်။ ရှေ့က 2 Megapixel, နောက်ကင်မရာက 8 Megapixel တို့ အသီးသီး ရှိပါတယ်။ ကင်မရာ 16 megapixel ကိုလည်း တပ်နိုင်ပါတယ်။ ဘက်ထရီကတော့ 2,100mAh ရှိပါတယ်။ High quality Audio play back လည်း ပါဝင်ပါတယ်။ SIM Card နှစ်ကဒ် ထည့်လို့ရပါတယ်။
ထူးခြားချက် အနေနဲ့ CPU, GPU, Camear, RAM, Display, audio အစရှိသဖြင့် အစိတ်အပိုင်း အားလုံးကို လွယ်ကူစွာ ဖြုတ်နိုင်၊ တပ်နိုင်ရန် ဖန်တီးထားခြင်း ဖြစ်ပါတယ်။ ဒီတော့ ဗားရှင်းမြင့်ဖို့အတွက်၊ အသစ်ကိုင်ချင်သူများအတွက် အသစ်တစ်လုံးကြီး သီးသန့် ဝယ်စရာမလိုပါဘူး။ အစိတ်အပိုင်း အသစ်ကို ဝယ်ပြီး ယင်း အသစ်ကို အစားထိုးရုံပါပဲ။ Desktop mother board တွေမှာ Hard Disk, RAM တို့ အစားထိုး လဲလှယ်သလိုမျိုးပဲ ဖြစ်ပါတယ်။
Android OS ကိုပဲ အသုံးပြုထားမှာ ဖြစ်ပါတယ်။ Crowsourcing project ဖြစ်တာကြောင့် တီထွင်ဖန်တီးနိုင်သူ မည်သူ မဆို ပြုလုပ်နိုင်အောင် ဖွင့်ပေးထားပါတယ်။ ပြန်လည်လည်း မျှဝေပေးထားပါတယ်။ ကမ္ဘာတစ်လွှားက တီထွင်ဖန်တီးသူ အချင်းချင်း ကူညီပြီးတော့ စိတ်ကြိုက် အစိတ်အပိုင်းများ ဖန်တီးနိုင်ကြောင်းလည်း ဆိုပါတယ်။
ဒါကြောင့်မို့ Fonkraft HiFi ဟာ ကမ္ဘာ့ပထမဆုံး မော်ဂျူလာ (Modular) စမတ်ဖုန်း အဖြစ် အသိအမှတ်ပြုခံခဲ့ ရပါတယ်။ ယခုနှစ် စက်တင်ဘာလတွင် ဈေးကွက် ဖြန့်ချိ ရောင်းချမှာ ဖြစ်ကြောင်း သိရပါတယ်။.
Ref: pocket-lint
အောင်ခမ်း (MMAS)
0 comments:
Post a Comment